Monday 18 May 2009

ဗြိတိန်နိုင်ငံ၊ စကော့တလန်မှ မြန်မာ့အရေးလှုပ်ရှားမှု

ဂလက်စဂိုမြို့၊ မေလ (၁၈) ရက်၊ ၂၀၀၉




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုမှ မတရား၊ အမှုဆင်

တရားစွဲဆိုမှုကို ကန့်ကွက်သည့် အနေဖြင့် ဗြိတိန်နိုင်ငံ၊ စကော့တလန်နယ်ရောက်

မြန်မာများ စုပေါင်း၍ မေလ (၁၈) ရက်၊ ၂၀၀၉ ခုနှစ်တွင် ဂလက်စဂိုမြို့၊ ဂျော့ခ်ျရင်ပြင်တွင်

ဆန္ဒပြပွဲကျင်းပခဲ့ရာ ဒေသခံ စကော့လူမျိုးများမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာ့လူ့အဖွဲ့အစည်း (စကော့တလန်) မှ အတွင်းရေးမှူး

ကိုကျော်မျိုးလတ်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍၊ ဥက္ကဌ ကိုကျော်မင်းမှ အဖွင့်စကား

ပြောကြားခဲ့ပြီး၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး

(၁) မခင်မမမျိုးမှ လက်ရှိမြန်မာ့ရေးရာ ပြဿနာများနှင့် ဒေါ်အောင်ဆန်းစုကြည်အား

စစ်အုပ်စုမှ မတရားအမှုဆင် တရားစွဲဆိုမှုအပေါ် နိုင်ငံတကာမှ ထိရောက်သော

နည်းလမ်းများဖြင့် အရေးယူပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

No comments: