Sunday 7 December 2008

10 D campaign (Singapore)

နှစ် (၆၀) ပြည့် နိုင်ငံတကာလူ့အခွင့်အရေး အထိမ်းအမှတ်ပြပွဲ ဖိတ်ကြားခြင်း

(၁၉၄၈) ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့က ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ချမှတ် အတည်ပြု ထုတ်ပြန်ခဲ့သည့် အချက် (၃၀) ပါ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးသည် ယခုလာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် နှစ် (၆၀) တင်းတင်း ပြည့်မည့်ဖြစ်ပါသည်။

လူသားတိုင်း၏ မွေးရာပါ အခြေခံရပိုင်ခွင့်ဖြစ်သော အဆိုပါ လူ့အခွင့်အရေးများကို ချိုးဖောက်ခံရခြင်း မရှိစေရန် နိုင်ငံတကာတွင် ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်နေချိန်၌ မြန်မာနိုင်ငံတွင်ကား ဆိုးရွားသထက် ဆိုးရွားစွာ ချိုးဖောက်ခံနေရပါသည်။

ထို့ကြောင့် ယခုကျရောက်တော့မည့် နှစ် (၆၀)ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ အသီးသီးမှ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် လုပ်ပိုင်ခွင့်ရသည့်အတိုင်း တပြိုင်နက်တည်း စုပေါင်းညီညာစွာ ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။

စင်္ကာပူနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့်လည်း မိမိတို့ မြန်မာနိုင်ငံသားများ စစ်အာဏာရှင်လက်အောက်တွင် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပုံနှင့် ထိုအဖြစ်မှ မိမိတို့ တတ်စွမ်းသရွေ့ ရုန်းထွက်လွတ်မြောက်နိုင်ရန် သိသင့်သိထိုက်သော အချက်အလက်များအား ပြပွဲငယ်တခုအဖြစ် ခင်းကျင်းပြသရန် စီစဉ်ထားပါသဖြင့် လာရောက်ကြည့်ရှုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။


နေ့ရက်-- ၁၀ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၈။ (ဗုဒ္ဓဟူးနေ့)
အချိန်---- ညနေ (၆း ၀၀) နာရီမှ (၉း၃၀) နာရီ
နေရာ-----လမ်းပြကြယ်စာကြည့်တိုက်၊ ၅ လွှာ၊ ပင်နင်စူးလားပလာဇာ


No comments: