Thursday 11 December 2008

မြန်မာပြည်တွင်း၌ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ အဖြစ် လှုပ်ရှားမူ့ များ၊













မြန်မာပြည်တွင်းရှိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် မန္တလေး ရှိ အချို့ မြို့နယ်နေရာတော်တော်များတွင် မြန်မာ့ဒီမိုကရေစီရေးတက်ကြွစွာ လှုပ်ရှားသူ လူငယ်များ က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့တွင် လူအခွင့်အရေး ကြေညာစာတမ်း နှင့် လက်ကမ်း စာစောင်များ ကို အများပြည်သူများ သိရှိနားလည်စေရန် ဝေငှနေပြီး၊ ပို့စတာကပ် လှုပ်ရှားမှုများကို တက်တက်ကြွကြွလှုပ်ရှားလျှက်ရှိကြောင်း သတင်းရရှိပါသည်။ လူသားတို့၏မွေးရာပါအခွင့်အရေးတွေ ကို ကာကွယ်ဖို့ နှင့် ပြည်သူများအားလုံးသိရှိနားလည်စေရန် ပညာပေးမှုတွေပြုလုပ်ပေးဖို့ ကမ္ဘာ့ကုလသမဂ္ဂမှာ သဘောတူလက်မှတ် ရေးထိုးထားသော မြန်မာနိုင်ငံမှာ၊ န၀တ စစ်အုပ်စုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက် ပြုလုပ်နေကြပါသည်။ လူ့အခွင့်အရေးပညာပေးမှုတွေကို ပိတ်ပင်တားဆီး နေတာကြောင့်၊ မြန်မာ ပြည်တွင်းရှိ လူငယ်တွေဟာ မိမိတို့ အသိစိတ်ဓာတ်ဖြင့် လူအခွင့်အရေးနေ့မှာ လူအခွင့်အရေး လှုံ့ဆော်မှုတွေကို ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။


No comments: